စောင်းတန်းနှစ်သွယ်

ဂန္ဓကုဋိကျောင်းတော်ကြီးမှာ အမြင့် ၁၂၆-ပေ၊ တောင်မြောက်အလျား(၁၃၆)ပေ၊ အရှေ့အနောက်(၁၂၄)ပေရှိပြီး စောင်းတန်းနှစ်သွယ်မှာ အကျယ် ၂၄ပေ၊ အလျား ၂၄၆ပေ၊ အခန်းပေါင်း ၉-ခန်းစီ ဆောက်လုပ်လှူတန်းထား၍ စောင်းတန်းဦးတွင် အမြင့် ၃၆-ပေရှိ ခြင်္သေ့ကြီး ၄ စီးကိုလည်း ထုလုပ်လှူဒါန်းထားပါသည် ဘုရား။

လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး

ရန်ကုန်မြို့ရှိ ကျောက်တော်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မင်းဓမ္မကုန်းတော်ပေါ်တွင် စံပါယ်လျက်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး စံပါယ်ရာ ဂန္ဓကုုဋိတိုက်တော်သည် အမြင့်(၁၂၆)ပေ၊ တောင်/မြောက် အလျား(၁၃၆)ပေ၊ အရှေ့/အနောက်အလျား(၁၂၄)ပေရှိသည်။ ဘုရားကြီးဘွဲ့တော်အပြည့်အစုံမှာ လောကချမ်းသာ အဘယ လာလမုနိ ရုပ်ပွားတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်တောင်မှရရှိသော အဖြူရောင်စကျင်ကျောက်တုံးတစ်တုံးမှထုလုပ်ထားခြင်းဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးဧ။် အလေးချိန်သည် (၅၀၀)တန်ကျော်ရှိပြီး ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသော ဟန်ဖြစ်သော အဘယမုဒြာဏ္ဌာန်ထုလုပ်ထားသည်။

လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး

ရန်ကုန်မြို့ရှိ ကျောက်တော်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မင်းဓမ္မကုန်းတော်ပေါ်တွင် စံပါယ်လျက်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး စံပါယ်ရာ ဂန္ဓကုုဋိတိုက်တော်သည် အမြင့်(၁၂၆)ပေ၊ တောင်/မြောက် အလျား(၁၃၆)ပေ၊ အရှေ့/အနောက်အလျား(၁၂၄)ပေရှိသည်။ ဘုရားကြီးဘွဲ့တော်အပြည့်အစုံမှာ လောကချမ်းသာ အဘယ လာလမုနိ ရုပ်ပွားတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်တောင်မှရရှိသော အဖြူရောင်စကျင်ကျောက်တုံးတစ်တုံးမှထုလုပ်ထားခြင်းဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးဧ။် အလေးချိန်သည် (၅၀၀)တန်ကျော်ရှိပြီး ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသော ဟန်ဖြစ်သော အဘယမုဒြာဏ္ဌာန်ထုလုပ်ထားသည်။

စောင်းတန်းနှစ်သွယ်

ဂန္ဓကုဋိကျောင်းတော်ကြီးမှာ အမြင့် ၁၂၆-ပေ၊ တောင်မြောက်အလျား(၁၃၆)ပေ၊ အရှေ့အနောက်(၁၂၄)ပေရှိပြီး စောင်းတန်းနှစ်သွယ်မှာ အကျယ် ၂၄ပေ၊ အလျား ၂၄၆ပေ၊ အခန်းပေါင်း ၉-ခန်းစီ ဆောက်လုပ်လှူတန်းထား၍ စောင်းတန်းဦးတွင် အမြင့် ၃၆-ပေရှိ ခြင်္သေ့ကြီး ၄ စီးကိုလည်း ထုလုပ်လှူဒါန်းထားပါသည် ဘုရား။

လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး

ရန်ကုန်မြို့ရှိ ကျောက်တော်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မင်းဓမ္မကုန်းတော်ပေါ်တွင် စံပါယ်လျက်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး စံပါယ်ရာ ဂန္ဓကုုဋိတိုက်တော်သည် အမြင့်(၁၂၆)ပေ၊ တောင်/မြောက် အလျား(၁၃၆)ပေ၊ အရှေ့/အနောက်အလျား(၁၂၄)ပေရှိသည်။ ဘုရားကြီးဘွဲ့တော်အပြည့်အစုံမှာ လောကချမ်းသာ အဘယ လာလမုနိ ရုပ်ပွားတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်တောင်မှရရှိသော အဖြူရောင်စကျင်ကျောက်တုံးတစ်တုံးမှထုလုပ်ထားခြင်းဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးဧ။် အလေးချိန်သည် (၅၀၀)တန်ကျော်ရှိပြီး ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသော ဟန်ဖြစ်သော အဘယမုဒြာဏ္ဌာန်ထုလုပ်ထားသည်။

.

၁၂လ ရာသီပွဲတော်များ
သင်္ကြန်ပွဲတော်
တန်ခူးလ

မိဿရာသီတွင် သင်္ကြန်ပွဲတော်ကို ကျင်းပ သည်။ နှစ်သစ်ကူးပွဲဖြစ်သော ဤပွဲတော်အတွင်း၌ မြန်မာလူမျိုး တို့သည် နံ့သာရည်ဖြင့် တစ်ဦးနှင့်တစ်ဦး သွန်းလောင်းပျော်မြူး လေ့ရှိပုံကို အင်းဝမြို့ဘွဲ့ ဆဲ့နှစ်ရာသီလူးတားတွင် ဤသို့ဖွဲ့ဆို ထားချက် ရှိလေသည်။ တောင်လေသုတ်ဖြူး၊ လတန်ခူးမူမြူးတူးပျော်ရွှင်၊ တာသဘင်ဝယ်ဆင်ယင်တုပ၊ လွရရွတည့်။ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်ထုံသင်းနံ့သာ၊ ရေသီတာဝယ်စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှလည်လှည့်ဆူလှယ်၊ တင့်စံပယ်လျက်ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်ကစားထုံရည် ဖျန်းထည့်လေ။

ညောင်ရေသွန်းပွဲတော်
ကဆုန်လ

ဤပွဲတော်သည်ကား ရေပြတ်၍ ခြောက်သွေ့နေ သော ဘုရားပွင့်ရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော် သော ပွဲတော်ဖြစ်လေသည်။ ညောင်ရေသွန်းပွဲတော်အကြောင်းကို ရှေးစာဆိုတို့သည် နှစ်နှစ်သက်သက် ဖွဲ့ဆိုခဲ့ကြသည်။ အနောက် ဘက် လွန်မင်းလက်ထက်က မင်းဇေယရန္တမိတ် ဖွဲ့ဆိုပုံမှာကား။ ကဆုန်တွင်လည်းပြာစင်ညက်ဖြူ၊ ရွှေပြည်သူတို့သင်းမြူကြိုင်စွာ၊ ရေနံ့သာဝယ်ရင်းမာကွမ်းဘူး၊ စကားဦးနှင့်ထွန်းမြူးလျှံမောင်း၊ မွေတော်ပေါင်းကိုပျံ့လှောင်းကြိုင်ရွှင်း၊ အဲသီချင်းနှင့်ပြန်တင်းရည်စောင်း၊ အဆောင်ဆောင်သည်ခါညောင်မသွန်း လှည့်လေလော။ သူ၍ဖြစ်လေသည်။ ကဆုန် လသည် (၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသော လ ဖြစ်သည်။ (၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသော လ ဖြစ်သည်။ (၃) တောထွက်တော်မူသော လ ​ဖြစ်သည် (နာနာဆန္ဒပျို့) (၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ ဖြစ်သည်။ (၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ ဖြစ်သည်။ (၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ ဖြစ်သည်။ (၇) စံကားပန်းပွင့်သော လ ဖြစ်သည်။ (၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ ဖြစ်သည်။ (၉) တံငါတာရာ ထွန်းသော လ ဖြစ်၍ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ ဖြစ်သည်။ (၁၀) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ ဖြစ်သည်။ (၁၁) ရက်စုံသတ်သော လ ဖြစ်သည်။ (၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့ထားသော လ ဖြစ်သည်။ (၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ ဖြစ်သည်။ (၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ ဖြစ်သည်။ (၁၅) ပြိဿရာသီ မည်သော လ ဖြစ်သည်။ (၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ ဖြစ်သည်။

စာပြန်ပွဲတော်
နယုန်လ

မေထုန်ရာသီတွင် စာပေကျမ်းဂန်သင်ကြား နေကြသော ပုဂ္ဂိုလ်တို့ စာပြန်ရသော စာပြန်ပွဲတော်ကို ကျင်းပ သည်။ မင်းတုန်းမင်းလက်ထက်တွင်ကျင်းပသော စာပြန်ပွဲတော် တစ်ခုအကြောင်းကို ကုန်းဘောင်ဆင်မဟာရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ နယုန်လဆန်း ရှစ်ရက်နေ့ကစ၍ ဝါဆိုလဆန်းရှစ်ရက်နေ့ တိုင် မန္တလေးတောင်၏အနီး၊ သုဓမ္မာစရပ်တော်နှင့် စန္ဒာ မုနိဘုရားပြင်ယံရှိ စရပ်တော်များတွင် ဝဲယာခွဲ၍၊ တံဆိပ် တော်ရ မရ ဆရာတော်သံဃာတော်တို့ ကြပ်မလျက် ပထမကျော်တစ်၊ ပထမကြီးတစ်ကျိပ်ကိုး၊ ပထမလတ် ပထမငယ် စသော အတန်းအဆင့်ရှိသည့် ပထမစာတော် ပြန်ပဉ္စင်းလောင်းတော် ရှင်လောင်းတော် ဦးရေတစ်ထောင် တို့ တစ်လတိုင်တိုင် ပထမစာတော်ပြန်ဆိုမြဲပြန်ဆိုကြရ သည်။ ပထမစာတော်ပြန်ဆိုသူတို့မှာ ပထမကျော်နှင့် ပထမကြီးများမှာ ပတ္တမြားနားတောင်း၊ ပတ္တမြားလက် ကောက်၊ ပုတီး၊ လက်စွပ်၊ စလွယ်ဆင်ယင်၍၊ ရွှေထီးလေးချက် ဆောင်းမိုး၍၊ လူဆွဲရွှေရထားတော်ထက် စီးရ သည်။ အဆောင်အရွက်စုံကိုင် နောက်လိုက်နောက်ပါလူ နှစ်ကျိပ်တို့က ဝတ်ကောင်းဝတ်သန့်နှင့် လိုက်ကြရသည်။ ပထမစာတော်ပြန်မည့်သူတို့ကို ရှေ့တော်သို့သွင်း ဝတ်ဆင် ရန် ရွှေကျင်ခတ်ခေါင်းပေါင်း၊ လွန်းများ ပုဆိုး၊ ဖဲပုဆိုး၊ ပိုးပုဆိုး၊ အင်္ကျီ၊ ပုဝါများကို တစ်ယောက်လျှင်ငါးလဲကျစီ နှင့် မုံ့ဘိုးငွေတစ်ရာကျစီ အောက်ခံထား၍၊ အထက်ကိုစာဝါနိမ့်မြင့်အလျှောက် တိုးတက်ချီးမြှင့်သနားတော်မြတ်ခံ ရသည်။

ပဉ္စင်းခံပွဲ
ဝါဆိုလ

ကရကဋ်ရာသီတွင် 'နရိန္ဒာလဲ၊ ညာတောင် နတ်နှင့်၊ ဖိုလ်မြတ်ကယ်နိဗ္ဗူ၊ အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသောအခါ၊ ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာ မင်းက၊ သင်းလှတယ်လေး' ဟူသော ရှေးလွှမ်းချင်းနှင့်အညီ ပဉ္စင်းခံပွဲများကို ကျင်းပလေ့ရှိခဲ့လေသည်။ ဘကြီးတော်မင်း တရား ပဉ္စင်းခံပွဲ ကျင်းပခဲ့သည်ကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ဝါဆိုလဆန်းတစ်ဆယ့်ငါးရက်နေ့ ပထမပဉ္စင်းလောင်း တစ်ဆယ်၊ သာမဏေလောင်းတစ်ဆယ့်နှစ်တို့ကို အတွင်း တော်သို့သွင်းပြီးလျှင်၊ အရှင်မိဘုရားခေါင်ကြီးနှင့် ရေစက် သွန်းတော်မူ၍၊ ပဉ္စင်းသာမဏေပြုတော်မူသည်။ ပရိက္ခရာ ရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံးအဆောင်နှင့် စပ်သည်ကို လည်း အစေ့အစုံလှူတော်မူသည်။ ထို့ပြင်လည်း သက် တော်စေ့ပဉ္စင်း သာမဏေ သုံးဆဲ့ခုနစ်ပါးပြုတော်မူသည်။

စာရေးတံပွဲ
ဝါခေါင်လ

သိဟ်ရာသီတွင် ရဟန်းသံဃာတို့အား ဆွမ်းခဲဘွယ်တို့ကို၎င်း၊ ရဟန်းအသုံးအဆောင်တို့ကို၎င်း စာရေး တံမဲချ၍ လှူဒါန်းရသော စာရေးတံပွဲကို ကျင်းပကြလေသည်။ ဘကြီးတော်မင်းတရား လက်ထက် စာရေးတံပွဲကျင်းပပုံကို ထို ရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ဝါခေါင်လပြည့်ကျော်ရှစ်ရက်နေ့ ဂါမဝါသီပုဂ္ဂိုလ်၊ အရည ဝါသီပုဂ္ဂိုလ်၊ အရိယာသံဃာတော် အပေါင်းတို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံးအဆောင်နှင့်စပ် သည်ကို အစေ့အစုံဆွဲ၍ ပဒေသာပင်ရေနှစ်ရာ့ခြောက်ဆယ် (၂၆ဝ)ကို အတွင်းတော်သို့သွင်းပြီးလျှင်၊ အရှင်မိဘုရား ခေါင်ကြီးနှင့်တကွ ရေစက်သွန်းချတော်မူ၍၊သဘာကဘတ် စာရေးတံဆွမ်းလှူတော်မူသည်။

လှေပြိုင်ပွဲ
တော်သလင်းလ

ကန်ရာသီတွင် မိုးလေကင်းရှင်း၍ လှိုင်းလေ ငြိမ်သက်သောကြောင့် ဧရာဝတီမြစ်အတွင်း၌ လှေ ပြိုင်ပွဲများကို ကျင်းပကြရိုးဖြစ်လေသည်။ သီပေါမင်းတရား လက်ထက် လှေပွဲသဘင်ကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ယင်းသည့် လဆန်းတစ်ဆယ့်တစ်ရက်နေ့ နှစ်စဉ်ကျင်းပမြဲ ရေသဘင်ပွဲတော်ပြုလုပ်ရန် မှူးတော်မတ်တော် အရာရှိတို့ ရွှေမြို့တော်အနောက်မျက်နှာ ဧရာဝတီမြစ်ဆိပ်သို့ထွက်လာကြပြီးလျှင် လှေချလွှတ်ရန် သမ္ဗန်ကိုဝန်ထောက်ဝက်မစွတ် မြို့စား မင်းကြီးမင်းထင်မဟာစည်သူ သွားရောက်ဘက်စပ် ချထားရသည်။ ပထမလှေ ရှေ့ဖျားတွဲဘက်မရှိ၍ စုန်သွား စေရသည်။ ပြီးလျှင် လက်ရွှေးကြီး၊ လက်သစ်၊ လှော် ကားတော်ကြီးနှစ်စင်း၊ ၎င်းနောက် ပြည်လုံးအံ့နှင့်ရွေးကြီး တွဲဘက်ပြိုင်ဆိုင်စေရသည်။ ပြီးလျှင် လှော်ကားတော်စင်း ရေတစ်ဆယ့်နှစ်၊ ပြီးလျှင် ပုလိပ်ရွှေခဲ၊ အစေခံတောင်လုံး၊ ပွဲတိုင်းကျော်၊ ထွက်တိုင်းရစေသော လှော်လှေတော်စင်းရေ နှစ်ဆဲ့နှစ်၊ ပြီးလျှင် ရွှေတုံး၊ မင်းစံ၊ တောင်လုံးမှိုင်း၊ ရွှေ လောင်းကြီး၊ ယင်ပုံ၊ မင်္ဂလာရန်နင်း၊ ခိုတောင်ရွှေခဲစသော ခတ်လှေတော်နှစ်ဆဲ့ ရှစ်စင်း၊ ပြီးလျှင် သုံးလူ့တောက်ပ၊ သုံးလူ့ပူဇော်စသော လောင်းတော်စင်းရေနှစ်ဆဲ့ကိုး၊ ပြီးလျှင် သေနတ်အစုအမှုထမ်းတို့ရဲလှေ စင်းရေလေးဆဲ့ ငါး၊ ပြီးလျှင် မှူးတော်မတ်တော်တို့ လှော်ကားချင်း ပြိုင် ဆိုင်ရသည်။ ၎င်းလဆန်း တစ်ဆယ့်သုံးရက်နေ့ ပင်လယ် သွား စကြာယာဉ်ပျံသင်္ဘောတော်၊ ဧရာဝတီမြစ်သွားရတနာယာဉ်သာ၊ ရတနာယာဉ်ပျံ၊ စကြာရန်လွှင့်စသော သင်္ဘောတော်စင်းရေ နှစ်ဆဲ့နှစ်ကို တွဲဘက်ပြိုင်ဆိုင်ရ သည်။ ပြီးလျှင် အထက်နေ့က() ခိုတောင်ရွှေခဲ ခတ်လှေ တော်နှင့် မင်္ဂလာရန်နင်း ခတ်လှေတော် ပြိုင်ဆိုင်ရာ၊ မင်္ဂလာရန်နင်း ရှုံးနိမ့်သည်ကို စိတ်မကြေ ထပ်မံပြိုင် ဆိုင်ရန် အမိန့်တော်မြတ်ခံပြီးဖြစ်သည့်အတိုင်း၊ ၎င်းလှေ တော်နှစ်စင်း ပြိုင်ဆိုင်ကြရာ၊ မင်္ဂလာရန်နင်းနိုင်၍၊ ပန်းရ သည်။ ပြီးလျှင် ရေသဘင်ပွဲတော်သိမ်းသည်။

မီးထွန်းပွဲ
သီတင်းကျွတ်လ

မြန်မာမင်းများလက်ထက် ခေတ်အခါကမူ သီတင်းကျွတ်လတွင် မင်းသားမင်းမြေးမှူးတော်မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ်ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင်းမိုရ်ထွန်းခြင်း၊ ဘုရား စေတီများတွင်ဆီမီးပူဇော်ခြင်း၊ ဝါကျွတ်အကန်တော့ ခံခြင်းတို့ကိုပြုသည်။ ထိုကြောင့်ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်ရာသီ ဘွဲ့သဖြန်၌ ·· ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်။ ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင့်မိုမီးညီးတဲ့ခါချိန်။ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပြောင်း။ သက္ကစ္စဂါရဝါနှင့်စဉ်အလာပူဇော်ပွဲကို၊ခဲ့ကြပေတောင်း ဟုစပ်ဆိုထား ခြင်းဖြစ်လေသည်။သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သီတင်းကျွတ်လ၏ ထင်ရှားသောပွဲတော်ပင်ဖြစ်သည်။သီတင်းကျွတ်လ၏ လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။အထိမ်းအမှတ် ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။

တန်ဆောင်တိုင်ပွဲ
တန်ဆောင်မုန်းလ

ဗြိစ္ဆရာသီတွင် ကထိန်သင်္ကန်းကပ် လှူပွဲ၊ ဆီမီးတန်ဆောင်ထွန်းညှိပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတို့ ကို ကျင်းပရိုး ဖြစ်လေသည်။ ဘကြီးတော်မင်းတရားလက်ထက် ကျင်းပသော ကထိန်နှင့် ဆီမီးတန်ဆောင်ပွဲတို့အကြောင်းကို ထို ရာဇဝင်တော်ကြီးတွင် ဤသို့တွေရလေသည်။ တန်ဆောင်မုန်းလဆန်း တစ်ဆယ့်ငါးရက်နေ့ အနောက် အတွင်းတော်မှာ ကထိန်သင်္ကန်းရက်လုပ်စေ၍ ဘုရား စေတီပုထိုးများမှာ လှူတော်မူသည်။ အရညဝါသီပုဂ္ဂိုလ်၊ ဂါမဝါသီပုဂ္ဂိုလ်၊ အရိယာ သံဃာတော်မြတ်တို့အားလည်း ကထိန်သင်္ကန်း ခုနှစ်ရာ့ ခုနှစ်ဆဲ့ ခုနှစ် (၇၇၇) တို့ကို အရှင်မိဘုရားခေါင်ကြီးနှင့် ရေစက်သွန်းတော်မူ၍ ကပ်လှူ တော်မူသည်။ တန်ဆောင်မုန်းလ ရက်သုံးဆယ် လုံးလည်း ရွှေမြို့တော်နှင့်တကွ ပြည်တွင်းပြည်ပ၊ လက်တွင်းလက်ပ၊ လမ်းသေးလမ်းမများကို တန်ဆာဆင်စေပြီးလျှင် ရွှေနန်း တော်မှစ၍ ပြည်အလုံးကြတ္တိကာသဘင် ကောင်းကင်ဆီမီး တို့ဖြင့် ညှိထွန်းပူဇော်ကြရသည်။ တန်ဆောင်မုန်းလပြည့် ကျော်ရှစ်ရက်နေ့ ဘုရားစေတီပုထိုးများမှာ ဆီမီးတန် ဆောင်တိုင် အတောင်နှစ်ဆယ်၊ နှစ်ဆဲ့ငါးတောင်၊ သုံးဆယ်၊ တိုင်ပေါင်းရှစ်ဆယ် ညှိထွန်း ပူဇော်တော်မူ သည်။ သီပေါမင်းတရားလက်ထက် မသိုးသင်္ကန်းပွဲတော် ကျင်းပ ပြုလုပ်ပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့ တွေ့ရလေသည်။ ယင်းသည့်လဆန်းတစ်ဆယ့်လေးရက်နေ့.အနောက်စမုတ်တော်ဦးပွဲကြည့်စံနန်းတော်သို့ အရှင်နှစ်ပါး ထွက်စံတော် မူ၍ ဝါကောက်ရန် ညဉ့်နှစ်ချက်တီးအချိန်မတိုင်မီအတွင်းပွဲသဘင်စုံများကို ကျင်းပစေပြီးလျှင် ညဉ့်နှစ်ချက်တီး ပဟိုရ်တော်သံ ကြားသည်နှင့်တစ်ပြိုင်နက် မျိုးစေ့ကြဲ မြေ|ာက်၊ ပင်ရောက်ပွင့်သီး၊ လုံးကြီးဝါပေါက်၊ ကောက် ယူမဆိတ်၊ အကြိတ်အဘန်၊ ပြန်လှန်တုံ့ပယ်၊ ရှယ်ခြင်း ရက်ခြင်း၊ ဆိုးခြင်းစုံလင်၊ အစီရင်တို့ကို အင်္သာကူး ပြောင်း၊ ဟောင်းခြင်းသိုးခြင်းမရှိစေရ။ ကတော်မယားတို့ တစ်ဦးထက် တစ်ဦးသာအောင် ကြိုးပမ်းအားထုတ် ပြိုင်ဆိုင်ရက်လုပ်ကြရသည်။

စာဆိုတော်
နတ်တော်လ

ဓနုရာသီတွင် မဟာပိန္နဲနတ် ပူဇော်ပွဲကို ကျင်းပရိုးထုံးစံရှိသည်။ ထို့ကြောင့် အင်းဝမြို့ဘွဲ့ ဆဲ့နှစ်ရာသီ လူးတားတွင် 'ဂမုန်းအင်နှင့်၊ သဇင်ပွင့်ပေါ်၊ လနတ္တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊ မဟာ ပိန္နဲ'ဟု စပ်ဆိုထားခြင်း ဖြစ်လေသည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် လည်း ဘကြီးတော် မင်းတရားလက်ထက်က မဟာပိန္နဲပွဲ ဆင်ယင်ကြောင်းကို ဤသို့ မှတ်တမ်းတင်ထားလျက်ရှိလေ သည်။ နတ္တော်လဆန်းတစ်ဆယ့်ငါးရက်နေ့ မဟာပိန္နဲနတ်ကို ရထားတင်၍ ဗလိနတ်စာပေးတော်မူ၏။

မြင်းခင်းပွဲ
ပြာသိုလ

ပြာသိုလ မကာရရာသီတွင် သေနင်္ဂဗျူဟာ အခမ်း အနားတစ်ရပ်ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင် ကျင်းပရိုးရှိလေသည်။ သီပေါမင်းတရားလက်ထက် ဆင်ခင်း မြင်းခင်း စက်သွင်းသဘင်တော် ကျင်းပပုံကို ထိုရာဇဝင်တော် ကြီးတွင် ဤသို့တွေ့ရလေသည်။ မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါး တောင်ကစ၍ နှစ်ဆယ်၊ နှစ်ဆဲ့ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊ အနောက်ကအရှေ့သို့ အတည့်အတန်း စက်တိုင် ငါးစိုက်ထူပြီးလျှင်.မင်းညီ မင်းသား၊ ဝန်ကြီး၊ အတွင်း ဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်း၊ မောက် တို၊ စစ်ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများ ကိုစီးနင်း၍ တစ်ကိုယ်လျှင် ဆယ်ခေါက်ကျ လှံလျင် ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။. စက်စွဲသည့် မင်းညီ မင်းသား၊ မှူးတော် မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့်ထိုး ပန်းပုဝါ တစ်၊ သဇင်ပန်းခိုင် တစ်စီ သနားတော်မူသည်။ .စက် ထိုးသဘင်ပြီးလျှင် ကသည်းအက္ကပတ် မြင်းတပ်ဗိုလ်အရာ ရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးထားခုတ် လှံထိုး၊ ငှက်ပျောပင်စိုက် ရေအိုးတင် ထားခုတ်၊ မြင်းအစိုင်းအနှင့် အရေးအရာများကို ထိုးခုတ်ပြပြီးနောက် ရွှေနန်းတော်သို့ ဝင်တော်မူသည်။.လပြည့်ကျော် လေးရက်နေ့ ဘဝရှင် မင်းတရားကြီးဘုရား .ထွက်စံတော်မူပြီးလျှင် ဆင်တော် စီးရေသုံးဆဲ့နှစ်ကို တွဲဘက်တိုက်ဝှေ့စေပြီးနောက် စစ်မြေ အရပ်တွင် ဆင်တော်များကို ရဲဝံ့တံ့စား အကြောက်အရွံ့ မရှိရအောင် သေနတ်၊ မီးပေါက်၊ ယမ်းမီး၊ ဗြောက်၊ ဒိုင်း၊ ကာတို့ဖြင့် ပစ်တောက် ရိုက်ခတ် ခြောက်လှန့်စမ်းသပ် သည်များကို ကြည့်ရှုတော်မူ၍ ရွှေနန်းတော်သို့ ဝင်တော် မူသည်။

ထမနဲပွဲ
တပို့တွဲလ

ကုံရာသီတွင် မီးဖုံးယာဂု လှူသောပွဲတော် ကို ကျင်းပရိုးရှိလေသည်။ ဤပွဲတို့အကြောင်း ထိုရာဇဝင်တော် ကြီး၌ ဤသို့တွေ့ရလေသည်။ တပို့တွဲလ၊ ပဏ္ဏရသီ၊ တိထီထွန်းစည့်၊ လပြည့်နေ့အခါ ဝယ်၊.ဆက္ကဒန္တ၊ ပြောင်မှန်ဝပင်၊ အေးမြသော အစွယ်ရှိ သည်ဖြစ်၍ သုံးလူ့ထွတ်ထား၊ မြတ်စွာဘုရားပင်လျှင်၊ လေးပါးသော မဟာဘူတ မျှတစေရန်၊ မီးရှိန်ခံတော်မူ သည်ကို ရည်ပြီးလျှင်၊ ရုပ်ရှင်တော်ပွား၊ ကိုယ်စားတော် စားဖြစ်သော.ဘုရားတစ်ဆယ့်ငါးဆူ၊ ရွှေဂူစေတီ၊ သရီရ မြတ်၊ မွေတော်ဓာတ်တို့အား နှစ်စဉ်ပူဇော်လှူဒါန်းမြဲ နံ့သာမျိုးဆယ်ပါးတို့တွင် သာရဂန္ဓအစစ်၊ အနှစ်နံ့သာတို့ ဖြင့်ပြည့်သော၊ မီးခံနှင့်တကွသော မီးဖုံး ပြာသာဒ်တော် ဆူရေတစ်ဆယ့်ငါး၊ ကောက်သုံးပါးတို့တွင်၊ ဩဇာလေး နက်၊ အကျိုးတက်သော၊ ကောက်ကြီးဆန်မြတ်၊ ပေါက် လတ်လက်ဦး၊ ဆွတ်ယူခူးသော ကောက်ဦးဆွမ်း အဖြစ် ဖြင့်ကောင်းစွာ ကျိုချက်အပ်သော မွန်မြတ်သော ယာဂု ဆွမ်းအလှူတော်များကို စာရင်းပါတစ်ဆယ့်ငါးဆူသော ဘုရားရှင်တို့အား သဇင်ပန်း၊ ဆီမီးတန်ဆောင်စသော အလှူတော်များနှင့်တကွ.ကောင်းမွန်စွာ အရုဏ်ဆွမ်းကပ် ၍၊ မီးဖုံးတော်များကို လှူဒါန်းပူဇော်တော်မူသည်။

သဲပုံစေတီပွဲ
တပေါင်းလ

မိန်ရာသီတွင် သဲပုံစေတီပွဲကို ကျင်း ပရိုးရှိလေသည်။ ဤလတွင် ဧရာဝတီမြစ်တွင် သဲသောင်များ ဖြူဖြူဖွေးဖွေး ထွန်းပေါ်၍ ရေကျေးရေငှက်များ မြူးထူးပျော်ပါး ကြသဖြင့် အလွန်ကြည်နူး ဘွယ်ဖြစ်လေသည်။ ထိုအခါတွင် မင်းမိဘုရားနှစ်ပါးသည် မင်းညီမင်းသား မှူးတော်မတ်တော်တို့ နှင့်အတူ သောင်ပြင်သို့ ထွက်စံတော်မူကာ သဲပုံစေတီများကို တည်၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပ ကြလေသည်။ ဤကိုရည်၍ အင်းဝမြို့ဘွဲ့ဆဲ့နှစ်ရာသီလူးတားတွင်၊တစ်ပေါင်းလသာ၊ လတကာထက်နှိုင်းရာဖက်ရှောင်၊ လများနောင်ကားတောင်လည်းသာမော၊ တောလည်းသာထွေရေလည်းသာလှ၊ ဖြူလွသောင်ပြင်ငှက်ပေါင်းရွှင်လျက်၊ သဘင်အပြီသဲစေတီဟု၊ မြှောက်ချီရွှင်ပပူဇော်ကြမှ၊ ပြည်ပပြည်တွင်းဖြောင့်စင်းရည်စောင်၊ ဆီမီးထောင်နှင့်ထွန်းပြောင်ညီရုံး၊ ပန်းလျှင်ကုံးသို့နှလုံးသဒ္ဓါ၊ ရတနာသုံးဘော်ဖူးမြော်ကုန်ကြ၊ လွန်ရွှင်ပြရှင့်။ ဟူ၍ ဖွဲ့ဆိုထားသည်ကိုတွေ့ရလေသည်။ဤသို့အားဖြင့် ဆဲ့နှစ်ရာသီပွဲတော်တို့ကို မင်းမိဘုရား နှစ်ပါးအမှူးပြု၍ အစဉ်တစိုက် ကျင်းပလာခဲ့ကြရာ အချို့ ပွဲတော်များသည် ယခုအခါတိုင်အောင် ဆက်လက်ခေတ်စားဆဲ ပင်ဖြစ်ပေသည်။ အချို့မှာမူကား တိမ်ကောပပျောက်ကြလေပြီ တည်း။