မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်တောင်မှ အလျား ၃၇-ပေကျော်၊ အနံ ၂၄-ပေ၊ ထု ၁၁-ပေ ရှိသည့် အလွန်ကြီးမားသည့် သလင်းကျောက်ဖြူတုံးကြီးကို ပန်းတမော့ ဆရာကြီး သီရိသုဓမ္မမဏိဇောတဓရ ဦးတော်တော်က တွေ့ရှိ၍ နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှေး ဟောင်းကျောက်တော်ကြီး ဘုရား(၄)ဆူတို့သည် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ အင်းဝ၊ အမရပူရ နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်သာ ရှိသည်ဖြစ်၍ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် တည်ထားပူ ဇော်နိုင်ရန် လမ်းညွှန်ခဲ့သည်။
ထို့အပြင်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌ အဘိဓဇအဂ္ဂ မဟာသဒ္ဒမ္မ ဇောတိက၊ ဘဒ္ဒန္တသောပိတ မြင်းခြံဆရာတော်ကြီးအမှူးရှိသော ဆရာတော်ကြီးများထံ ဩဝါဒခံခဲ့ရာ ဆရာတော်ကြီးများက ဗုဒ္ဓမြတ်စွာဘုရား၏ လက္ခဏာတော်တို့နှင်အညီ ဆောင်ရွက်ကြရန် ဩဝါဒချီး မြှင့်တော်မူခဲ့ကြသည်။
အဆိုပါ သလင်းကျောက်တော်ကြီးကို စကျင်တောင်မှပင် ပုံကြမ်းထုလုပ်ပြီးနောက် ရန်ကုန် တိုင်းဒေသကြီးသို့ ရေကြောင်း၊ ကုန်းကြောင်းဖြင့် စည်ကားသိုက်မြိုက်စွာပင့်ဆောင်ခဲ့ကြသည်။
၁၃၆၂ ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်၊ ၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ ၁၀-ရက်နေ့တွင် ရုပ်ပွားတော် မြတ်ကြီးကို စကျင်တောင်ခြေမှ ရတနာရွှေဖောင်တော်ဆိပ်သို့ စက်ကြိုးယန္တရားများဖြင့် ပင်ဆောင် ကြသည်။ လာရောက်ဖူးမြှော်ကြည်ညိုကြသော လူထုပရိတ်သတ်ကြီးမှာ စကျင်တောင်တစ်ခုလုံး ဖုံး အုပ်သွားတော့သည်။ ၁၃၆၂-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉-ရက်၊ ၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ ၂၄-ရက်နေ့ တွင် ရုပ်ပွားတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်တောင်ရတနာဖောင် တော်ဆိပ်မှသုံးလူ့တောက်ပ ရတနာရွှေဖောင်တော်ကြီးဖြင့် ဒေဝါဝင်း၊ ရာဇာဝင်းများခင်းလျှက် ရေ ကြောင်းခရီးဖြင့် စတင်ပင့်ဆောင်ကြသည်။ လမ်းခရီးတွင် မြို့ပေါင်း ၁၂-မြို့ ညအိပ်ရပ်နားအပူဇော်ခံ သည်။ ဧရာဝတီမြစ်ကမ်း ဝဲယာတစ်လျှောက်မုခ်ဦး မဏ္ဍပ်များဆောက်လုပ်ကြ၍ ကြက်ပျံမကျစည် ကားလှသော လူထုပရိသတ်ကြီးများ ကမ်းလုံးညွှတ်မျှကြိုဆိုဖူးမြော်ပူဇော်ကြသည်။
သုံးလူ့တောက်ပ ရတနာရွှေဖောင်တော်ကြီးမှာ အလျား ၂၀၀-ပေ၊ အနံ ၅၆-ပေ၊ ကုန်တန်ချိန် ၂၆၀၀ တင်ဆောင်နိုင်သော ရေယာဉ်ကြီးဖြစ်သည်။ အေးရှားပရောဖစ်ကုမ္ပဏီမှ ကုသိုလ်ဖြစ်ပါဝင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထိုရတနာရွှေဖောင်တော်ကြီးကို ဆင်းဟိုင်း (၁)နှင့် ဆင်ဟိုင်း(၂) သင်္ဘောနှစ်စင်းတို့က ဝဲယာ ခြံရံလျှက် ဆင်ပြောင်(၁)သင်္ဘောကတွန်းပေးကာ စတင်ထွက်ခွာလာခြင်းဖြစ်သည်။
ညအိပ်ရပ်နားသောမြို့များမှာမန္တလေး၊ မြင်းမူ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ မကွေး၊ အောင်လံ၊ ပြည်၊ မြန်အောင်၊ ဟင်္သာတ၊ ဓနုဖြူ၊ မအူပင်၊ တွံ့တေးတူးမြောင်းလေးမိုင်စခန်းတို့ဖြစ်သည်။
၁၃၆၂-ခုနှစ်၊ ဝါခေါင်လဆန်း ၆-ရက်၊ ၂၀၀၀-ပြည့်နှစ်၊ ဩဂုတ်လ ၅-ရက်နေ့တွင် ရုပ်ပွားတော် ကြီးပင့်ဆောင်လာသော သုံးလူ့တောက်ပ ရတနာရွှေဖောင်တော်ကြီးသည် ဒေဝါဝင်း၊ ရာဇဝင်းများခြံရံ လျက် အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်၊ လှိုင်မြစ်ကမ်းရှိရတနာ ဖောင်ဆိပ်သို့ ဆိုက်ကပ်လာသည်။ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့် မင်းပရိတ်သလူထုပရိတ်သတ်ကြီးက စည်ကား သိုက်မြိုက်စွာကြိုဆိုပူဇော်ခဲ့သည်။
၁၃၆၂-ခုနှစ်၊ ဝါခေါင်လဆန်း ၇-ရက်၊ ၆-၈-၂၀၀၀ ရက်နေ့တွင် ရုပ်ပွားတော်မြတ်ကြီးကိုရတနာ ရွှေဖောင်တော်မှ မင်္ဂလာနတ်လမ်းပေါ်သို့ ကြိုးများဖြင့်ပင့်၍ မင်္ဂလာနတ်ပန်းရထားပေါ်သို့ ရောက် အောင် ဆက်လက်ပင့်ဆောင်ခဲ့သည်။ ၁၃၆၂-ခုနှစ်၊ ဝါခေါင်လဆန်း ၁၀-ရက်၊ ၉-၈-၂၀၀၀ ရက်နေ့တွင် မျဉ်းပြိုင်ခင်းထားသော မီးရထားလမ်း(၃)သွယ်ပေါ်တွင် အထူးပြုပြင်စီမံထားသော မင်္ဂလာနတ်ပန်းရ ထားကို ရှေ့မှစက်ခေါင်း ၂-လုံး၊ နောက်မှစက်ခေါင်း ၂-လုံးဖြင့် မင်းဓမ္မတောင်တော်သို့ ပင့်ဆောင်ကြ ရာ ၁၀-၈-၂၀၀၀ ရက်နေ့တွင် မင်းဓမ္မတောင်ခြေသို့ ရောက်ရှိသည်။
ထိုနောက် မင်းဓမ္မတောင်ကုန်းပေါ်သို့ မှန်ကျောင်းဆောင်ပုံ ဆက်လက်ပင့်ဆောင်ရာ ၁၂-၉-၂၀၀၀ ရက်နေ့တွင် ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူသည်။ ထိုနေ့တွင် ပလ္လင်တော်အောင် ပွဲကျင်းပသည်။ တစ်ဆက်တည်းမှာပင် ဂန္ဓကုဋိကျောင်းတော်ကြီး ဆောက်လုပ်ရန်အတွက် မင်္ဂလာ အခမ်းအနားပြုလုပ်ကာ အုတ်မြစ်တော်စီခဲ့ကြသည်။
ဂန္ဓကုဋိကျောင်းတော်ကြီးမှာအမြင့်-၁၂၆ပေ၊ တောင်မြောက်အလျား၁၃၆-ပေ၊ အရှေ့အနောက် ၁၂၄-ပေရှိသည်။ စောင်းတန်းနှစ်သွယ်မှာ အကျယ် ၂၄-ပေ၊ အလျား ၂၄၆-ပေ၊ အခန်းပေါင်း ၉-ခန်းစီရှိ သည်။ စောင်းတန်ဦးရှိ ခြင်္သေ့ကြီး ၄-စီးမှာ အမြင့် ၃၆-ပေစီရှိသည်။
ရုပ်ပွားတော်မြတ်ကြီး၏ ဉသျှောင်တော် ညာဘက်ခြမ်းရှိ အစောက် ၁၄-လက်မ၊ အချင်း ၁-လက်မခွဲရှိ နတ်ထွင်းပေါက်တစ်ခုပါရှိလာရာ ယင်းနတ်ထွင်းပေါက်၌ ဗုဒ္ဓဘုရားရှင်၏ သရီရဓါတ်တော် များ ကိန်းဝပ်လျှက်ရှိသော ရတနာရွှေကြုတ်တော်ကို ဌာပနာသွင်း ပူဇော်ထားသည်။
ဌာပနာသွင်းမင်္ဂလာနှင့် စုလစ်မွန်းချွန်အထွက်တင်သော လေးကျွန်းတစ်မြင့်မိုရ်ပြဿဒ် ဆောင်ကြီး(၅)ဆောင်၊ စောင်းတန်းနှစ်သွယ်ရှိ ပြဿဒ်(၄)ဆောင်တို့ကို ရွှေထိးတော်တင်လှူပူဇော် သည်။ မင်္ဂလာအခမ်းအနားကို ၂၈-၁၁-၂၀၀၁ရက်နေ့၊ မင်္ဂလာအချိန်တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်း ပပြုလုပ်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုလုပ်ထားသည့် ကျောက်သားအရောင်ပြောင်းလဲခြင်းမရှိ၊ ပကတိအတိုင်းတည်ရှိ၍ ညှိုးမှိန်ခြင်း၊ ပေကျံခြင်းမဖြစ်စေ နိုင်ရန်အတွက် ပေ ၄၀ ကျော်မြင့်မားသည့် မှန်ကျောင်းဆောင်တော်ကြီးကိုလည်း တီထွင်ကြံဆပြု လုပ် လှူဒါန်းခဲ့သည်။
အလှူရှင် အေစီအီး ကုမ္ပဏီအနေဖြင့် နှစ်စဉ်မပြတ် ယင်းကျောင်းဆောင်ကြီးသန့်ရှင်းရေးကို လည်း ကုသိုလ်ဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန် မှန်ကျောင်းဆောင် အတွင်းရှိ လေဝင်လေထွက်ကောင်းစေရန်အတွက် လေစုတ်စက်များတပ်ဆင်ပါသည်။