-ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဓါတ်ပုံ/ဗီဒီယိုရိုက်ကူးရေးကိစ္စများ၊ လှူဒါန်းကျွေးမွေးမှုကိစ္စများအား ရုံးအဖွဲ့မှူးရုံးခန်းတွင် လာရောက်လျှောက်လွှာတင် ခွင့်ပြုချက်ရမှသာလျှင် လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ပါသည်။
- ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်နှင့် ဝတ္တုကံမြေအတွင်း မောင်းသူမဲ့လေယာဉ်ငယ်နှင့် အဝေးထိန်း (Remote Control System) ယာဉ်ငယ်များ လွှတ်တင်မောင်းနှင်ခြင်း မပြုရန် သတိပေးတားမြစ်အပ်ပါသည်။
-ဘုရားဖူးအမျိုးသမီးများ၊ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အမြင်မတော်သည့် အသားကပ်ဘောင်းဘီ ဝတ်ဆင်၍ တက်ရောက်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံပါသည်။
-ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက်မည်ဆိုပါက ခြေအိတ်ဝတ်ဆင်ခြင်း၊ ဖိနပ်စီးခြင်း၊ စကတ်တို၊ ဘောင်းဘီတို၊ ရင်ဟိုက်၊ လည်ဟိုက်များ ဝတ်ဆင်ခြင်းတို့အား မပြုကြပါရန် မေတ္တာရပ်ခံပါသည်။
-ဘုရားကြီး၏ ရင်ပြင်တော်ပေါ်သို့ အိမ်မွေး/တိရိစ္ဆာန်များ သယ်ယူခေါ်ဆောင်လာခြင်းများအား မပြုကြပါရန် မေတ္တာရပ်ခံပါသည်။