ကျောက်စာများ
လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ပင့်ဆောင်တည်ဆောက်ပုံတို့ကို ဘုရား ကြီး၏ ရင်ပြင်ပေါ်တွင် မြန်မာ၊ ပါဠိ၊ သဣဋ၊ အင်္ဂလိပ်(၄) ဘာသာဖြင့် ရေးထိုးထားခြင်းကို မူရင်းအတိုင်းဖော်ပြ ပါသည်။
မင်းဓမ္မကုန်းတော် ရင်ပြင်တော်ရှိ တံခွန်တိုင်ကြီး
၁။ လောကချမ်း အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ မင်းဓမ္မကုန်းတော်ပေါ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့် ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေနှင့် သားသမီးမြေးများလှူဒါန်းသည့် တံခွန်တိုင်မြတ်အထွဋ် ရွှေထီးတော် တင်လှူသည့် အခမ်းအနားကို ၁၃၆၄-ခု၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ (၂၀-၁၀-၂၀၀၂)တနင်္ဂနွေ နေ့၊ နံနက်(၀၉း၀၀)နာရီတွင် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရှိန်အောင်ဗိုလ်က ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ ကို။
(က) တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ။
သမေ စိတ္တေ သမံဖလံ။
( ခ) မဟာဇိတံ အခေါင်ချဉ်း၏ အောင်ခြင်းကြီးအောင်ကြရလေပြီ၊ အောင်ပြီ။
( ဂ) ပရမဇိတံ စဆုံးအောင် ကမ္ပတ်ဖုံးပြီး အမြတ်ဆုံးအောင်ကြရလေပြီ၊ အောင်ပြီ။
(ဃ) အဘယဇိတံ ဘေးမပြုရန်ကင်း၍ ရှင်းရှင်းကြီးအောင်ကြရလေပြီ၊ အောင်ပြီ။
၂။ ပဉ္ဂမာရံရန်ငါးတန်ကို တွန်းလှန်ခုတ်ထွင်၊ မာရဘင်၌ တို့ရှင်သယမ္ဘူ အောင်ပန်းယူဖို့၊ ပုံတင်စံ ပြ၊ မင်းဓမ္မကုန်းတော်၊ ဒေဝသာဝေ နတ်ညွှန်းမြေ၌ ဗိုလ်ခြေများချိ၊ နောင်ကျိုးရှိဖို့၊ အဓိရည်ပေါင်းစု တည်သား၊ ဘုရား ဓမ္မသရီ၊ မြတ်တံခွန်သည်၊ ဂုဏ်ရည်ထွန်းဖြာ၊ ရန်အပေါင်းကွာ၍ ဇေယျာရောင် လက်၊ အောင်ပန္နက်ဖြင့်၊ အောင်ချက်မြည်ဟီး၊ အောင်စည်တီးသည်၊ ကောင်းခြင်းသာဓုခေါ်စေသောဝ်။
၃။ ၁၃၆၄ ခု တပို့တွဲလဆန်း(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့ ၂၀၀၃-ခု၊ ဖေဖော်ဝါရီလ(၁၂)ရက်၊ နံနက်(၉)နာရီ တွင်မူ အလှူရှင်အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အဖွဲ့ဝင်တို့ ရောက်ရှိလာသောအခါ သီရိသု ဓမ္မ မဏိဇောတဓရ တိံင်္ကြားဦးသန်းလှမှ တံခွန်တိုင်တွင်ပါရှိသည့် ဇယောဟိ ဗုဒ္ဓဿသိရိမတော အယံ၊ အစချီသော ဗြဟ္မဂဏာပိဗြဟ္မာမင်း၊ ဒေဝဂဏာ(နတ်မင်း)နာဂဂဏ(နဂါးမင်း)၊ သုပဏ္ဏသံဃာပိ(ဂဠုန်း မင်း)ဂါထာတော်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြသည့် အယံအသက်မရှိ ကယ်မှန်သိလျှက်၊ သက်ရှိကဲ့ သွင် ဤမြေပြင်နှင့် ကောင်းကင်ရိုက်ကျူး ဤအောင်မြင်မှုအထူးသည်ကား၊ သီရိမတောစက္ကဝါဠ ဤ လောကဝယ် ရှိသမျှဥဿုံ ကောင်းသိရ်ဂုဏ်တို့ နှိုင်းပုံယှဉ်စေ၊ မတူပေသား ကျက်သရေတော်စုပေါင်း ကိန်းပျော်ရာဖြစ်တော်မူသော ဗုဒ္ဓသာကိသစ္စာေဥယျဟူသမျှကို မြူစမကျန် သဗ္ဗညုဉာဏ်ဖြင့် အမှန် သိမြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာလျှင် ဇယောလူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့ ကောင်းတင်း ခြိမ့်ညံ အောင်ပွဲတော် ခံယူခြင်းပေတည်း။
ပါပိမတော-ယုတ်မာညစ်ညမ်း ပညာကာဏ်း၍ အန္ဓစင်စစ် ဧကန်ဖြစ်သော မာရဿစဗောဓိ ကိုဋ် ပလ္လင်မြိုက်ကို သိမ်းပိုက်ယူမည် စစ်ကြီးချီ၍ ရှစ်ဒီငြိမ်းညောင့်၊ မြေပြင်စောင်းမျှ ခြိမ့်ပြောင်းတိုက် ခိုက်လာသော မာရ်နတ်သား၏ကား။
ပရောဇယော- ဘုန်းရှိန်ကိုကြောက် တပ်ကိုခေါက်၍ နောက်သို့ပြန်ကျုံ့ ရန်စမြုံကို မတုန့်နိုင်ပဲ ဗုံးဗုံးလဲ၍ စစ်ပွဲရှုံးနိမ့်ခြင်းပေတည်း။ ဣတိ ဤသို့၊ တဒါထို-မဟာသက္ကရာဇ်သုံးနှစ်ကြုံကဆုန်လပြည့် မာရ်အောင်သည့်နေ့၌၊ ဗောဓိမဏ္ဍေ-သဗ္ဗညုဉာဏ် ရင့်သန်ကြည်ရာ၊ အပရာဇိတ- ဌာနအောင်ခန်း ပလ္လင်နန်း၌၊ ပမောဒိတာ- နှစ်သက်အားရမ်းရွှင်လန်းဝမ်းမြောက်ကြကုန်လော၊ ဗြဟ္မာဏာဝိ- ထက်ခွင် ရပ်ရွာ ဗြဟ္မာမင်းအပေါင်းတို့သည် လည်းကောင်း၊ ဒေဝဂဏာ- ထက်ခွင်ဖိုးရပ်နတ်မင်းအပေါင်းတို့သည် လည်းကောင်း၊ နာဂဂဏာ-နတ်နဂါးအပေါင်းတို့သည် လည်းကောင်း၊ သုပဏ္ဏသံဃာပိ- ဂဠုံမင်းအပေါင်း တို့သည် လည်းကောင်း၊ မဟောသိနော သီလက္ခန္ဓစသည့် ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ ကျင့်တော်မူပြီးသော မြတ်စွာဘုရား၏၊ ဇယံ-ကောင်းကင်းခြိမ့်ညံအောင်ပွဲသံကို၊ ဥဂ္ဃေါသယုံ၊ စက္ကဝါ တိုက်- သောင်းလုံးခိုက်အောင် ကျူးရိုက်ထွေးငေါ် ကြွေးကြော်ကြလေကုန်ပြီတကားဟု ခရုသင်းမှုတ် ရွတ်ဖတ်ပူဇော်လေသည်။